Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Saturday, May 25, 2013

မေ့အနားသို့ ....



အလွမ်းလေးတွေ စေစားလို့
ရောက်ခဲ့ပါတယ်...အချစ်အိပ်မက်ဆီသို့

တမ်းတခြင်းတွေ မက်မောမိလို့
သွားခဲ့မိတယ်... အချစ်ကလေးရှိရာမြေ...

ထိန်းကွပ်မရတဲ့ လွမ်းဆွတ်ခြင်းကို
ငါလေ မက်မောမိလို့
မင်းကိုချစ်ခဲ့မိတယ်...

အိပ်မက်ကလေးတစ်ခုဖြစ်ရင်
ငါ မနိုးထပါရစေနဲ့....

အလွမ်းတေးတစ်ပုဒ်ဖြစ်မယ်ဆိုရင်
ငါ မလွမ်းပါရစေနဲ့...

အချစ်ကံကြမ္မာ ခေလွန်းသူမို့
ဒီတစ်ခါတော့....
အသေအလဲ ချစ်ပါရစေ...

ခွင့်ပြုပေမယ့် မေရေ...
ငါ့အနားလာနေပါတော့ကွယ်....

                              ဥာဏ်ထွန်း(ကလေး)

ကျွန်တော့်ရဲ့ ပန်းကလေးသို့....




ကျွန်တော့်ရဲ့ ပန်းကလေးသို့....

ပန်းကလေးရေ ...
ဖြူစင်ခြင်းကို အသိအမှတ်ပြုဖို့
သန့်စင်ခြင်းတွေနဲ့ ကြိုလင့်ဖို့
နှလုံးသားတွေ ဆေးကြောပြီး
အပွင့်လင်းဆုံး ရင်ဆိုင်လက်တွဲကြမယ်....

ပန်းကလေးရေ ...
အိပ်မက်ကလေးတွေ ရှင်သန်ဖို့
ငါ့နှလုံးသားကို ခွင့်ပြုပေးပါ
လူတွေက အချစ်ကို ခံစားသီဖွဲ့ကြတယ်
အလွမ်းအကြောင်းတွေ သီဆိုကြတယ်
နှလုံးသားတစ်ခုကို စတေးလို့
ကဗျာဆရာတွေ
စာရေးဆရာတွေ
အဆိုတော်တွေဟာ...
သူတို့ ခံစားချက်တွေ...
သူတို့  နှလုံးသားကြေကွဲခြင်းတွေ...
သူတို့ ရင်ခုန်ခြင်းတွေ ...ကို
သီဖွဲ့ကြ .... သီဆိုကြနဲ့ ...

သရုပ်ဆောင်တွေက
ဟန်ဆောင်ခြင်းကောင်းစွာနဲ့
သရုပ်ဖော်ခဲ့ကြတယ်....
သူတို့ သရုပ်ဖော်မှုကောင်းမကောင်း
အလွမ်းကွက်လေးတွေ
ဟာသလေးတွေ
လှမလှ...
သဘာဝ ကျ မကျ...
ငါတို့ ဆုံးဖြတ်ကြတယ်...

ငါတို့တွေကဇာတ်လမ်းလေးတွေကြည့်ကြတယ်
သရုပ်ဆောင်တွေ..ချောတာ...လှတာကို
ကြည့်တတ်ကြတဲ့သူတွေလည်းရှိကြတယ်
ဇာတ်လမ်းဇာတ်ကွက် လှမလှ ကို ကြည့်တဲ့သူတွေလည်း ရှိကြတယ်
သင်ခန်းစာယူတဲ့သူတွေလည်း ရှိကြတယ်...
......................
.......................
.......................


အဲဒီထဲမှာ ငါတို့က
ဘယ်လိုကြည့်ကြသလဲ
ဘယ်လို သင်ခန်းစာယူကြသလဲ
အလွမ်းဇာတ်ကွက်လေးကို ကြည့်လို့
လွမ်းနေကြတာလား ....
ဟာသလေးဇာတ်ကွက်လေးတွေ ကြည့်လို့
ရယ်မောနေကြမလား....
ဒုက္ခရဲ့ ခါးဆီးခံလို့
အဆိုးအမိုက်တွေကြားမှာ
ရှင်သန်ခြင်း ဇာတ်လမ်းလေးတွေကြည့်လို့
ဒုက္ခရဲ ထန်းပိုးအနိမ့်အမြင့်ကို ခံနိုင်ရှိပါမလားဆိုတာ
တွေးကြည့်နေကြမလား
...........................
........................
........................

ဇာတ်လမ်းတွေကို သရုပ်ဖော်လို့
ဆင်ခြင်ကြမလား ...


တစ်ခါတစ်လေ တွေးမိတာက
ဆန်းကြယ်လှတဲ့ လောကကြီးကို ကြည့်လို့
ငါတို့ကို ဆန်းကြယ်လာမလားလို့
တောင်းတနေမလား ...

အလွမ်းတွေကို ခံစားနေချိန်
အလွမ်းဇာတ်ကားလေးကြည့်ပြီး
ပိုပြီ လွမ်းနေမလား

တကယ်တော့
ပန်းကလေးရေ
အလွမ်းတွေ ၊ အဆွေးတွေ ...
ဒုက္ခတွေ သုခတွေ ပြည့်နက်နေတဲ့
လောကကြီးဆီမှာ သုခတွေကိုပဲ
တောင်းတနေကြတယ်

ဒုက္ခတစ်လှည့် သုခတစ်ဖန်
ကျရောက်နေတာကို သတိမထားကြဘူး
သုခတွေကိုပဲ မက်မောခဲ့ကြတယ်
ဒါတွေက သဟဇာတမဖြစ်တဲ့အခါ
ခံနိုင်ရည် မရှိတဲ့အခါ ကြေကွဲစရာဖြစ်ခဲ့ကြတယ်..

ပန်းကလေးရေ ...
လောကကြီရဲ့ ဆန်းကြယ်မှုကို
ငေးမောနေမယ့်အစား
လက်ရှိအချိန်ကို အကောင်းဆုံးပြင်ဆင်ကြမယ်
ဒုက္ခတွေကိုတွေ့ကြုံလို့ ၀မ်းနည်းနေမယ့်အစား
ဘယ်လို ကျော်ဖြတ်မလဲဆိုတာ
တွေးဆကြမယ်....

ပန်းကလေးရေ...
ရှေ့ဆက်ဖို့ ကြိုးစားရင်
အနာဂတ်လမ်းတွေ လှပဖို့
အိပ်မက်ကလေးတွေ ရှင်သန်ဖို့
ငါတို့တွေ သင်ခန်းစာတွေ ယူကြမယ်
အလွမ်းလေးတွေကို ဖြေသိမ့်ကြမယ်
သုခတွေမက်မောရင်လည်း
ဒုက္ခရဲ့ အထိအတွေကို အတူတူ ရင်ဆိုင်ကြမယ်
ဘ၀ခရီးလမ်းတစ်လျှောက် ငါ့အတွက်တော့
မင်းက ငါ့ရဲ့ လက်တွဲဖော် ဖြစ်ခဲ့ပြီ...


ပန်းကလေးရေ ...
ဖြူစင်ခြင်းကို အသိအမှတ်ပြုဖို့
သန့်စင်ခြင်းတွေနဲ့ ကြိုလင့်ဖို့
နှလုံးသားတွေ ဆေးကြောပြီး
အပွင့်လင်းဆုံး ရင်ဆိုင်လက်တွဲကြမယ်....

                                     ဥာဏ်ထွန်း(ကလေး)

Monday, April 30, 2012

လွမ်းခြင်းဖွဲ့ကောင်းကင်ယံ

ကောင်မလေးရေ.....
အချစ်ကြောင့်  ခံစားတတ်ကြတယ်
အလွမ်းတွေကြောင့်  ရူးနေတတ်တယ်....
ငါတော့ ရင်ခုန်နေရပေမဲ့ 
အလွမ်းကိုပဲ  တောင့်တရတယ်...
မင်း  ဘယ်လောက်များများ  နှိပ်စက်ပြီပြီးလဲ
မင်းကြောင့် ငါ ရူးနေရပြီ.....
တကယ်ပါ....
အဲဒီလောက်ကို  ရက်စက်တတ်သလား
မင်း  နောက်ထပ်နှိပ်စက်ချင်သေးရင်
ငါ့်အသက်ပါပေးခဲ့ပါရစေ
ကောင်မလေးရေ ...
မင်းငါ့ကို ချစ်တယ်ဆိုပြီး
ရှောင်နေတတ်တယ်..
တစ်ခါတစ်ရံ အချစ်ဆိုတာကို
ငါ မုန်းမိတယ်..
ပေးဆပ်ခြင်းနဲ့
ငါ အသက်ရှင်ချင်တော့တယ်...
အနောက် ကောင်းကင်ယံမှာ
ချစ်သူကို မျှော်လင့်ဖို့...
ငါ ခွန်အားတွေကို စုဆောင်းနေပြီ....
                                                        ဥာဏ်ထွန်း(ကလေး)

အချစ်ရဲ့ စေစားရာ...

မိန်းကလေးရေ....
အချစ်ကိုငါတွေ့ရှိခဲ့ပါတယ်
ရင်ခုန်စရာကောင်းအောင် သူ ပြုစားခဲ့တယ်
ရင်နာစရာကောင်းအောင်ဘဲ
သူ လှည့်စားခဲ့တယ်.....
မျှော်လင့်ခြင်းနဲ့ အသက်ရှင်တယ်
တကယ်တော့ငါဟာ စိတ်ကူးယဉ်တတ်တဲ့ လူသားဖြစ်နေခဲ့တယ်
မင်းလှည့်စားနိုင်ပါတယ်
ချစ်တယ်ဆိုတဲ့စကားဟာ
လျှာရိုးမပါလို့ပြောချင်တဲ့လူတွေလို
အခမဲ့ပြောနိုင်ပေမဲ့
ရင်ခုန်တတ်တဲ့ နှလုံးသားကတော့
တစ်ယောက်တည်းကိုပဲ ပြောကြတယ်တဲ့
ငါ ကိုယ်တိုင် ချစ်ခဲ့မိတဲ့ မင်းကို
မတွေ့ဘူးဘဲ  မျှော်လင့်နေမိတာ
အံ့သြစရာ ကောင်းနေတယ်နော်
မျှော်လင့်နေတတ်တဲ့
ငါ့ရဲ့ အားနည်းချက်က
မင်းအတွက်
ပျော်စရာကောင်းမယ်ထင်ပါတယ်
လောကမှာ ငါရူးမူးစွာ ချစ်ခဲ့မိတဲ့
မင်းကိုဆက်ချစ်နေပါ့မယ်
မင်းထွက်ခွါသွားပါ
ငါ တစ်ယောက်တည်း
စိတ်ကူးတွေနဲ့ ငါ နေခဲ့ပါရစေ
မင်းအတွက်ငါ့နှလုံးသားကို လက်ဆောင်ပေးခဲ့ပါတယ်
မင်းနဲ့တွေ့ခါစက
မင်း ငါ့ဆီ ဖုန်း ခဏခဏဆက်တာ
ငါ့နှလုံးသားကို ဖဲ့ခြွေဖို့လို့ငါမထင်ခဲ့မိတာ
ငါ့အမှားဘဲ
မင်းကို ချစ်တာ ရိုးရိုးသားသားနဲ့
မင်းသိပါစေ... ။       ။
                                                ဥာဏ်ထွန်း(ကလေး)

Thursday, September 29, 2011

နိုးထလိုက်ရတဲ့ အိပ်မက်ကလေး


အဲဒီညလေးပေါ့...

ပျော်ရွှင်ကြည်နူးခြင်းနဲ့

ပြည့်နက်နေခဲ့တာ

အလွမ်းတွေ ပြည့်နက်နေမှန်း မသိခဲ့ဘူး...

အိပ်မက်ကလေးတွေလည်း

မက်ခွင့်ရခဲ့တယ်။

နှလုံးသားလေး တစ်စစီပဲကြွေမှန်းမသိခဲ့...။

အနားသတ်လေး ပျက်ယွင်းမယ်မှန်း မသိ

မင်းကို ငါချစ်ခဲ့တာ....။

တမ်းတမှုတွေနဲ့အတူ

ငါ့ရင်ခုန်သံလေးလည်း

ပလုတ်တုတ်ခေါက်လို့....

အပြီးသတ်အဆုံးသတ်ကတော့

ငါတစ်ယောက်တည်း နာကျင်ခြင်းခဲ့တာလား...။။

မင်းအပေါ် တက်ရောက်မှုတွေ

မရှိခဲ့ဘူးလား...။

တကယ်ပါ...

ရင်ခုန်မှုတွေထုတ်ပိုးထားတဲ့ အဲဒီညလေးကို

ငါ မက်မောခဲ့တယ်။

ငါ နှမြောမိတယ်။

ငါ တမ်းတမိတယ်...။

ခုတော့...

မက်ခွင့်မရှိတော့ဘူးပေါ့...။

မျှော်လင့်ချက်ကလေးတွေ

ပျက်သုန်းခဲ့ရပေါ့...။

ငါအပေါ်လွှမ်းမိုးခံခဲ့၇တဲ့

စိတ်ကူးတွေနဲ့ ...

ငါ လွင့်မျောနေဆဲပေါ့...။

ဥာဏ်ထွန်း(ကလေး)