Saturday, May 25, 2013

ကောင်လေးရဲ့ တစ်ဖက်သတ်အချစ်

ကောင်လေး တစ်ယောက် သူချစ်ရသူကို ငေးရင်း လွမ်းးဆွတ်နေတယ်။
ကောင်းလေးချစ်မိနေတဲ့ ကောင်မလေးကတော့ ကောင်လေးကို မေ့နေခဲ့ပြီ။
ကောင်လေးက ၀မ်းနည်းနေတာ။ ကောင်မလေး မသိချင်ယောင်ဆောင်နေတယ်။ ကောင်လေး ကျေနပ်နေပါတယ်။ ကောင်းလေးက ကောင်မလေးကို ချစ်နေမိတဲ့အတွက်ပေါ့။ ကောင်လေးက ကောင်မလေးကို အစကတည်းက ပြောခဲ့ဖူးတဲ့စကားလေး တစ်ခွန်းရှိတယ်။
`` နင်ကို ငါ အရမ်းချစ်တယ်။ ဒါပေမယ့် နင် ပြန်ချစ်ချင်မှ ချစ်ပါ။ ဒါပေမယ့် ငါ နင့်ကို အရမ်းချစ်တယ်။ နင်က အလုပ်တွေ များများလုပ်ရတယ်ဆိုတော့ ငါ့ကို မေ့သွားမှာလည်း စိုးရိမ်တယ်။ ဒါပေမယ့် နင် ငါ့ကို စိတ်ညစ်နေတဲ့အချိန်လေးမှာ ငါ့ကို သတိရပေးပါလို့ `` ပြောခဲ့ဖူးတယ်။ ကောင်မလေးကလည်း `` ငါ နင့်ကို မမေ့ပါဘူး ။ နင့်ကို ငါ အမြဲ သတိရနေမှာပါ။``တဲ့။
အချိန်တွေ တိုက်စားလာတယ်။ အချိန်တွေ ကြာလာတယ်။ ကောင်မလေးကို ကောင်လေး ဖွင့်ပြောထားတာ ခြောက်လလောက် ကြာတဲ့အခါမှာ ကောင်မလေး ပြောင်းလဲသွားတာကို ကောင်လေး ရိပ်မိနေတယ်။ ကောင်လေးက မပြောခဲ့ဘူး။ ကောင်လေးရင်မှာ ခံစားနေရတယ်။ ဒါပေမယ့် သူ ခံစားနေရတာကို ကောင်မလေး မရိပ်မိတာလား။ ကောင်မလေး ကောင်လေးကို မေ့ထားခဲ့တာလားဆိုတာ ကောင်မလေးမှတပါး ဘယ်သူမှ သိမှာမဟုတ်ဘူး။ ကောင်လေးက ကောင်မလေးကို အရမ်းချစ်နေတယ်။ အဲဒိ အချစ်စိတ်နဲ့ပဲ ကောင်မလေးပေးတဲ့ အဖြေတွေကြားမှာ နစ်မြုပ်နေခဲ့တယ်။
တစ်နေ့ ကောင်မလေးနဲ့ ကောင်လေး လမ်းမှာတွေ့ကြတယ်။ ကောင်လေးက ကောင်မလေးကို နှုတ်ဆက်လိုက်တယ်။ ကောင်မလေးက အလုပ်မအားတဲ့အကြောင်းပြောပြီး ထွက်သွားခဲ့တယ်။ ကောင်လေးက ကောင်မလေးကိုတွေဝေစွာ ကြည့်ရင်း လမ်းမကြီးပေါ်မှာ ကျန်နေခဲ့တယ်။
ကောင်လေး အတွေးတွေနဲ့ ကျန်နေခဲ့တယ်။ ကောင်လေးက ကောင်းကင်ကြီးကို ငေးပြီးကျန်နေခဲ့တယ်။
ကောင်လေး နေမကောင်းပါ။ ကောင်မလေးနဲ့တွေ့တဲ့နေ့ ကောင်လေး မိုးတွေကြားမှာ ရပ်ပြီး လျှောက်သွားနေခဲ့တယ်။ ကောင်လေး အရမ်းဖျားနေတယ်။ ကောင်မလေးကို မျှော်လင့်နေတယ်။ ဒါပေမယ့် ကောင်မလေး သူ့ဆီကို မဆက်သွယ်ပါ။ အရင်ကတော့ ကောင်လေး ဖျားတိုင်း ကောင်မလေး ဘယ်လိုသတင်းကြားလဲမသိ။ ဂရုစိုက်ပြီး ဆေးတွေ ဘာတွေ ၀ယ်ပေးတယ်။ ဆေးမသောက်ရင် ဆူငေါက်တတ်တယ်။ အခုတော့  ကောင်မလေး သူ့အနားကို မရောက်ခဲ့တော့ပါ။ ကောင်မလေး အလုပ်များနေတယ်လို့ ကောင်လေး တွေးပြီး သူ့ကိုယ်သူ အားတင်းနေရှာတယ်။ ကောင်လေး ဖျားရာကနေ ချောင်းတွေပါ ဆိုးခဲ့တယ်။ သွေးတွေပါ ပါလာတယ်။ ကောင်မလေး ဒါတွေ မသိတော့ပါ။ ကောင်မလေး အလုပ်တွေကြားမှာပဲ နေခဲ့တယ်။ ကောင်မလေး ခရီးထွက်နေတယ်ဆိုတာ ကောင်လေး ကြားလိုက်ရပြီ။ ကောင်မလေး ခရီးထွက်မယ်ကြံတိုင်း ကောင်လေး သိနေခဲ့တယ်။ ဒါပေမယ့် အခု ကောင်လေး  ကောင်မလေး ခရီးထွက်သွားတာကို မသိတော့ပါ။ ကောင်လေးလည်း ဖြေသိမ့်ခြင်းလေးနဲ့ နေခဲ့ရှာတယ်။ ကောင်လေး ကောင်မလေးကို အရမ်းချစ်နေတာကို သိပါစေလို့ ကောင်လေး ဆုတောင်းနေပါတယ်။ ကောင်လေး ကောင်မလေးကို မျှော်နေတယ်။ ဒါပေမယ့်ကောင်လေး အင်အားမရှိတော့ပါ။ ကောင်လေးသွေးစုပ်ဖြူရော် ဖြစ်နေပြီ။ ကောင်လေး နောက်ဆုံးအချိန်ကို ရောက်ရှိသွားပါပြီ။ ကောင်မလေးကို မျှော်နေကြောင်းကို ကောင်လေး ရင်ထဲက ပါးစပ်ကနေ ထွက်ကျလာတယ်။ ကောင်မလေးကို အရမ်းချစ်တယ်ဆိုတဲ့အကြောင်း ကောင်လေး သိနေတယ်။ ဒါပေမယ့် ကောင်လေးဟာ ကောင်မလေးကို နှုတ်ဆက်သွားခဲ့ရပါပြီ။ ကောင်မလေးက ကောင်လေးကို သတိမရတော့တာလား။ ကောင်လေးကို မေ့သွားပြီလား။ ကောင်မလေးမှတပါး ဘယ်သူမှ မသိတော့ပါ။

ကောင်လေးက ကောင်မလေးအတွက် စာလေးတစ်စောင်ချန်ခဲ့တယ်။

`` နင် အလုပ်များများလုပ်ပါ။ ငါ့ကို နင်မေ့သွားရင်လည်း ငါနင့်ကို မမေ့ဘူး။ ငါနင့်ကိုချစ်တယ်။ နင် အလုပ်တွေကြားမှာပျော်ပါစေ...။ ငါ့ကို အချိန်အတိုင်းအတာ တစ်ခုမှ သတိရရင်တောင် အလုပ်နဲ့ပဲ နင့်အချိန်တွေကို ကုန်ဆုံးသွားပါစေ။ ငါ့ထက်သာတဲ့သူနဲ့ နင်နဲ့ တူနှစ်ကိုယ်တွဲနိုင်ပါစေ``

No comments:

Post a Comment