Saturday, May 25, 2013

အရင်လို မဟုတ်တော့တဲ့အကြောင်း(၂)

ကျွန်တော့်ချစ်သူပြောတဲ့စကားလေးတစ်ခုပြောပြချင်ပါသေးတယ်.... အချိန်တန်ရင် မေ့သွားမှာပါတဲ့....
မေ့ဖို့ လွယ်တယ်လို့ သူထင်ခဲ့တာလား... ဒါပေမယ့် သူ့အတွက်တော့ လွယ်ခဲ့ပါတယ်... ကျွန်တော့်အပြင် အစားထိုး ကုသမှုတွေ တနင့်တပိုးကြီးနဲ့လေ... လူချစ်လူခင်ပေါတာကိုးဗျ.... သူပြောတာလေး ရှိပါသေးတယ်...လွမ်းတယ်ဆိုတာလည်း...နောက်တော့ ပြေပျောက်သွားမှာပါတဲ့...ကျွန်တော် တွေးကြည့်မိတယ် ...  အလွမ်းဆိုတာ... နှလုံးသားနဲ့ ခံစားကြည့်တယ်... ရှေးစာဆိုတွေပြောတာ ကြားဖူးတာပေါ့လေ... သံယောဇဉ်ဆိုတာ ... ကြာရိုးကြာမျှင်လိုပဲတဲ့... ပြတ်ပြီလို့ ထင်ရပေမယ် အမျှင်အတန်းလေးကတော့ တွယ်တန်းဆဲပါတဲ့....။ သံယောဇဉ်ကို အလွယ်တကူ ဖြတ်နိုင်တာကို ကျွန်တော် အံ့သြမိပါတယ်... ဒါပေမယ့် သံယောဇဉ်ဆိုတဲ့ကြိုးကိုတောင် လွယ်လွယ်လေး ဖြတ်နိုင်တာဆိုတော့... သူ့အတွက် ခံစားတတ်တဲ့စိတ်ကလေးများရှိသေးရဲ့လားလို့လည်း တွေးမိတယ်.. သူ သံယောဇဉ်က ရှိစဉ်ခဏတာအတွက်ပေပဲလားလို့တောင် ထင်ယောင်ထင်မှားဖြစ်ခဲ့ဖူးပါတယ်... ဒါပေမယ့် သူကို ကျွန်တော်သိချင်တာလေးတွေ မေးပြီးသည့်နောက်ပိုင်းမှာတော့ အဲဒီထင်ယောင်ထင်မှားတွေလည်း  ပျောက်ကွယ်သွားပါတယ်... သူက အဘိဓမ္မာတွေလည်း တတ်တယ်... အရာအားလုံးနိမ့်ကျနေတာမို့ ... သူ့ကိုလည်း မပြောလိုတော့ပါ... သူပျော်ရွှင်ရာမှာ နေပျော်တယ်ဆို ကျွန်တော် ကျေနပ်လှပါပြီ... သူ့ဘ၀ သူ့အနာဂတ်မှာ ကျွန်တော်ဆိုတဲ့ကောင်ကတော့ လူမိုက်ကြီးတစ်ယောက်ပေါ့... ဒါပေမယ့် ကျွန်တော့်ဘ၀ ကျွန်တော့်အနာဂတ်မှာတော့ ...သူက မီးအိမ်ရှင်လေးပါ... ဘယ်လိုပင် ပြောင်းလဲပါစေ...ကျွန်တော့်ဘ၀မှာ သူဟာ အမြဲရှင်သန်နေမယ်ဆိုတာကတော့... ကျွန်တော်မှတပါး ... ဘယ်သူမှ ခန့်မှန်းနိုင်မှာ မဟုတ်ပါဘူး ...

No comments:

Post a Comment