Thursday, September 29, 2011

နိုးထလိုက်ရတဲ့ အိပ်မက်ကလေး


အဲဒီညလေးပေါ့...

ပျော်ရွှင်ကြည်နူးခြင်းနဲ့

ပြည့်နက်နေခဲ့တာ

အလွမ်းတွေ ပြည့်နက်နေမှန်း မသိခဲ့ဘူး...

အိပ်မက်ကလေးတွေလည်း

မက်ခွင့်ရခဲ့တယ်။

နှလုံးသားလေး တစ်စစီပဲကြွေမှန်းမသိခဲ့...။

အနားသတ်လေး ပျက်ယွင်းမယ်မှန်း မသိ

မင်းကို ငါချစ်ခဲ့တာ....။

တမ်းတမှုတွေနဲ့အတူ

ငါ့ရင်ခုန်သံလေးလည်း

ပလုတ်တုတ်ခေါက်လို့....

အပြီးသတ်အဆုံးသတ်ကတော့

ငါတစ်ယောက်တည်း နာကျင်ခြင်းခဲ့တာလား...။။

မင်းအပေါ် တက်ရောက်မှုတွေ

မရှိခဲ့ဘူးလား...။

တကယ်ပါ...

ရင်ခုန်မှုတွေထုတ်ပိုးထားတဲ့ အဲဒီညလေးကို

ငါ မက်မောခဲ့တယ်။

ငါ နှမြောမိတယ်။

ငါ တမ်းတမိတယ်...။

ခုတော့...

မက်ခွင့်မရှိတော့ဘူးပေါ့...။

မျှော်လင့်ချက်ကလေးတွေ

ပျက်သုန်းခဲ့ရပေါ့...။

ငါအပေါ်လွှမ်းမိုးခံခဲ့၇တဲ့

စိတ်ကူးတွေနဲ့ ...

ငါ လွင့်မျောနေဆဲပေါ့...။

ဥာဏ်ထွန်း(ကလေး)

No comments:

Post a Comment