အလွမ်းတွေကိုပေါင်းစုစည်းလို့.
င့ါနှလုံးသားမှာ မင်းက ရှင်သန်နေတယ်.
ကြာခဲ့ပြီဆိုပေမယ့် ငါမင်းကို တမ်းတနေဆဲပါ.
အိပ်မက်တွေကို ပြန်လည်မက်ခွင့်ပေးရင် မက်ချင်သေးတယ်
တမ်းတခြင်းတစ်ပိုင်းတစ်စက င့ါအိပ်မက်တွေကို
အသက်ရှင်သန်စေတုန်းပဲ....။
မဖြစ်နိုင်မှန်းသိလျက်နဲ့ မိုက်ရူးခဲ့သူ
အလွမ်းတွေ တထွေးတပိုက်နဲ့ ငါပြန်လာခဲ့တယ်.
ကြိုလင့်မယ့် လက်တစ်စုံက မင်းလက်ကလေးပဲ
ဖြစ်ရပါလို၏လို့ ဆုတောင်းတာလည်း
အခါခါပါပဲ....။
ဝေးခဲ့ပြီဆိုသော်လည်း
အချိန်တန်ရင်တော့ ငါ့ဆီပြန်လာလှည့်ပါ
ငါ ကြည်နူးစွာ ကြိုလင့်နေမှာပါ...။
No comments:
Post a Comment