Friday, September 16, 2011

သူငယ်ချင်းနဲ့ ကျွန်တော်....

သူငယ်ချင်းတစ်ယောက်ပြောဖူးတဲ့ စကားလေးတစ်ခွန်းပါ။ ကျွန်တော်တို့ ငယ်ငယ်

(၆)တန်းကျောင်းသားတုန်းက ပြောခဲ့ဖူးတဲ့စကားလေးတစ်ခွ

သူကိုယ်တိုင်ခံစားချက်နဲ့ ပြောတယ်ဆိုတာ ကျွန်တော် အဲဒီအချိန်တုန်းက

နားမလည်ခဲ့ပါ။

ခုတော့ ကျွန်တော့် အသက် ဆယ်စုနှစ် နှစ်ခု စွန်းလောက်ရှိပြီဆိုတော့ 

ကျွန်တော်နားလည်လာပါတယ်။ သူပြောခဲ့တာတွေကလည်း

ကျွန်တော်နားထဲမှာ သံမှိုဆွဲထားသလိုကို ဖြစ်နေတော့တယ်။ သူက စာအုပ်ကို

အရမ်းမြတ်နိုးတဲ့ သူငယ်ချင်း။ ကျောင်းစာထက် အပြင်စာတွေကို ပိုဖတ်တဲ့

စာကြမ်းပိုးလေးပါ။ သူက အဲဒီအချိန်တုန်းက ၀တ္တုတွေကို ဖတ်တယ်။ တစ်ခါတစ်လေ

ဒဿနစာအုပ်လေးတွေ ဖတ်ပြီး ကျွန်တော်တို့ကို ပြုပြင်ပေးတတ်တဲ့သူတစ်ဦး။ သူက

(၆)တန်းလောက်ကတည်းက အချစ်ကို ကိုးကွယ်ခဲ့တဲ့သူတစ်ဦးဆိုလည်း

မှန်လိမ့်မယ်။ သူက ဘယ်တော့မှ အပျော်လုပ်တယ်ဆိုတာ မရှိ။ စာကိုတောင်

စာမေးပွဲဖြေတော့မယ်ဆို အသည်းအသန်ကျက်တတ်တယ်။သူက သူ့အချိန်နဲ့ သူ

လုပ်တတ်တဲ့ အကျင့်လေးကတော့ အားကျဖွယ်ပေါ့။ သူက သူလိုချင်တာကို မရမက

လုပ်တတ်တဲ့ အကျင့်တစ်ခုကလည်း အိမ်နဲ့ ပြဿနာလေးတွေတက်တတ်တယ်။ ဒါပေမယ့် သူက

သူမှန်ရင်ဘယ်တော့မှလည်းအလျော့မပေးတတ်။ ကျွန်တော်တို့ထဲမှာ သူက

အတွေးအခေါ်ကောင်းတဲ့ သူတစ်ယောက်ဖြစ်လာတယ်။ နောက်ပြီး သူက ငယ်ငယ်တုန်းက

ပန်းချီဝါသနာပါတာ။ ဒါပေမယ့် ခုတော့ စာအုပ်တွေ ဖတ်တာများတာကြောင့်လားတော့

မသိ။ပန်းချီကို အဲလောက်ကြီး အရူးအမူးမဟုတ်တော့ပေ။ သူ စိတ်ဝင်စားလာတာ

စာဖတ်တာ။ စာရေးတာ။ သူရေးတဲ့ ကဗျာတစ်ချို့ဆို ကျွန်တော် သဘောကျတတ်တယ်။ သူက

အရင်ကတော့ အချစ်အကြောင်းကို ရေးတယ်လို့ မြင်ခဲ့တာ ။ မဟုတ်ဘူး။ သူက

အချစ်ကနေ ဆွဲခေါ်လာတာက လက်တွေ့လေးတွေ။ ဘ၀အမောလေးတွေ။ တစ်ခါတစ်ခါ

အံ့သြစရာကောင်းလောက်အောင် လုပ်တတ်သူတစ်ဦး ။ သူက ကျွန်တော့်ကို

အချစ်အကြောင်းတွေနဲ့ ပတ်သက်လို့ အကြီးအကျယ် ဆွေးနွေးဖူးခဲ့ပါတယ်။

အချစ်ကို ကျွန်တော် အပျော်ထားမှာကို သူက မကြိုက်လို့ ကျွန်တော်နဲ့ သူနဲ့

လပြည့်ညလေးတစ်ခုမှာ အချစ်စစ်ဆင်ရေးဆင်းကြတယ်။ သူကလည်း ပြော။ ကိုယ်ကလည်း

ခုခံနဲ့စကား စစ်ပွဲလေးက တော်တော်လေးကို ပြင်းထန်ခဲ့ကြတယ်။ ကျွန်တော်ကို

အပျော်မထားပါနဲ့။ ကျွန်တော် ထားခဲ့တာကို သူသိသွားလို့လေ။ နောက်ဆုံးတော့

တကယ်ချစ်တာကို ရှာဖွေကြတော့ တွေ့ပါတယ်။ အချစ်စစ်တစ်ခု ။ ဘယ်နားမှာလဲ ။

နှလုံးသားမှာ တည်နေတဲ့ အသည်းကြားမှာ ပေါက်ဖွားလာတဲ့ အချစ် သူပြလို့

ကျွန်တော်တွေ့ရှိခဲ့တယ်။ ဒါပေမယ့် သံသယတွေတိုက်စားနေတဲ့  ချစ်သူရဲ့

စကားလုံးတွေကြားမှာ ကျွန်တော် ကျဆုံးသွားပါတယ်။ နောက်ပိုင်း

စိတ်ကူးတွေကို လက်တွေ့အကောင်အထည်ဖေါ်ဖို့သာ ကြိုးပမ်းပါတော့တယ်။ သူက

သူ့အကြောင်းပြောလို့ အချစ်စစ်ဆိုတာ တဏှာကင်းတယ်။

နောက်ပြီးလိုချင်စိတ်တွေရှိခဲ့ရင်လည်း ဖြေလျော့နိုင်ရတယ်။ သူပြောလိုက်တာ။

ကျွန်တော်က ပုထုဇဉ်ဆိုတော့ လိုချင်တဲ့ စိတ်တော့ ရှိတယ်။ သူက

အတိုက်အခံငြင်းတယ်။ဒါဆိုလည်း မင်း ချစ်တယ်ဆိုရင် အပျော်ကစားတာ။

အပျော်ထားတာတော့ မဖြစ်စေနဲ့ကွာ။ ကျွန်တော် အဲဒီနေ့က အပျော်အနောက်တွေ

စခဲ့မိသေးတးယ်။ သူကတော့ လေးလေးခန့်ခန့်နဲ့ ပြောသွားခဲ့တယ်။ ကျနော်လည်း

ပြောင်းလဲလိုက်ပါတယ်။ ကျွန်တော် ဘာလုပ်လုပ် သူနဲ့တိုင်ပင်တတ်တယ်။ သူက

အကြံဥာဏ်တော့ ကောင်းကောင်းပေးတတ်သူတစ်ကြောင်း သူပြောလိုက်တဲ့စကားက

ကျွန်တော့်အတွက် အကောင်းဆုံးဖြစ်အောင်

ပြုပြင်ပေးခဲ့တာများကိုတွေ့လိုက်ရတယ်။ သူက သူ့အချစ်ရေးအကြောင်း

ရင်ဖွင့်တတ်သလို ကျွန်တော်လည်း ရင်ဖွင့်တတ်တယ်။ အချစ်ကို

သူပြောပြဖူးတဲ့စကားတွေက ကျွန်တော့်အတွက် အလေးထားစရာများ ဖြစ်နေတတ်တယ်။

ချစ်ခြင်းနဲ့ ပတ်သက်လို့ သူများတွေ အပျော်ထားတတ်တာကို

ဝေဖန်ရေးတိုက်ခိုက်ခြင်း ပြင်းထန်ခဲ့သလို ကျွန်တော်နဲ့ ပတ်သက်လို့လည်း

သူပြောပြခဲ့တာတွေက ကျွန်တော့်ရင်ကို တော်တော်လေးကို

ရိုက်ချက်ပြင်းထန်ခဲ့တယ်။ အချစ်ဆိုတာ ပေးဆပ်ခြင်း၊ စွန်လွှတ်ခြင်း၊

နားလည်ခွင့်လွှတ်တတ်ခြင်း၊ တဏှာကင်းစင်ခြင်း၊ အပြစ်ကို တွေ့သော်လည်း

မသိချင်ယောင်ဆောင်တတ်ခြင်း ...စသည်ဖြင့် သူပြောပြဖူးတယ်။ မင်းတို့ ငါတို့

ယောက်ျားလေးတွေက ကောင်မလေးချောချောတွေ့ရင် `` ဟာ ချောတယ်ကွာ...

ခိုက်သွားပြီ... ´´လို့ ရင်ထဲက မပါဘဲ ပြောတတ်ကြတယ်။ တစ်မျိုးပြောရရင်

ပါးစပ်အရသာခံလိုက်တယ်။ မျက်စိအစာကျွေးလိုက်တယ်လို့ ပြောရမယ်။

နောက်တစ်ခုရှိသေးတယ်။ ကောင်မလေး

ကိုယ်လုံးကိုယ်ပေါက်လှတာမျိုးတွေ့ရင်ကြတော့ `` ကြောကောင်းလိုက်တာ၊

ရှယ်ပဲကွာ´´လို့ ပြောတတ်ကြတယ်။ အဲဒီလို ပြောတာကျတော့ တဏှာဖြစ်သွားပြီ။

အချစ်ဆိုတာက သူ့ အပေါ်မှာဖြစ်ပေါ်နေတဲ့ ရုပ်ပိုင်းဆိုင်ရာကို

ချစ်ခင်တပ်မက်တာလည်း မဟုတ်ဘူး။ ကိုယ်ကျင့်တရားပျက်ခဲ့ရင်လည်း ငါတို့မှာ

ပါတဲ့ နှလုံးသားက သူ့ကို မြင်နေရရင် စိတ်ထဲမှာ ကြည်နူးနေတတ်တယ်။

အဲဒါကျတော့ အချစ်လို့ ပြောရမယ်။ သူပြောခဲ့တာလေးတွေ ကျွန်တော့်

နှလုံးသားထဲမှာ စွဲနေခဲ့တယ်။ သူက အချစ်မှာ ရှုံးတာဆိုတာ မရှိဘူးလို့လည်း

ပြောတတ်တယ်။ သူပြောသလိုပဲ ချစ်တယ်ဆိုတဲ့ စကားလေးနှစ်လုံးကို

လျှာရိုးမပါတဲ့ပါးစပ်နဲ့ ချစ်တယ်လို့ မပြောချင်တော့ပါ။ တကယ်ချစ်လား၊။

မချစ်လား။ ကိုယ့်ကိုကိုယ် စမ်းစစ်လာတယ်။ တကယ်ချစ်တာဟာ သူ့ပေါ်

လိုချင်တပ်မက်မှု ရှိခဲ့ရင်တော့ သူပြောသလို တဏှာကင်းစင်ရဲ့လား။ ဒါတွေကို

စဉ်းစားမိလာတယ်။ သူ ပြောခဲ့တုန်းက အမှတ်တမဲ့ပါ။ ခုတော့ အမှတ်တရတွေ

ဖြစ်နေပြီ။ သူပြောလိုက်တဲ့စကားလုံးလေးတွေကိုလည်း နားလည်လာပြီ။ ကိုက

အပျော်ထားခဲ့ရင် အပျော်မဟုတ်တဲ့သူက တော်တော်လေးကိုခံစားရတယ်။ သူများ

စိတ်ညစ်စေတယ်။ သူများကို ဒုက္ခပေးသလိုဖြစ်မယ်။ ဒါတွေကို တွေးမိတော့

အပျော်တော့ မဖြစ်စေချင်၊ မထားစေချင်ပါဆိုတဲ့သူ့စကားလေးကို အမြဲကို

မှတ်မိနေတယ်။ သူကိုယ်တိုင် အပျော်မဟုတ်ဘဲ သူ့ကို အပျော်ထားသွားတဲ့

မမကတော့ ခုဆို သူ့ထက် ငွေကြေးချမ်းသာတဲ့သူတစ်ဦးနောက်ကို

ကောက်ကောက်ပါသွားပြီ။ သူက အပျော်မဟုတ်တဲ့အတွက် ကျေနပ်တယ်လို့ပြောတယ်။

ဒဿဂီရိလို အချစ်ရှုံးရတာ ရာဇ၀င်မှတ်တမ်းထဲ ငါ မပါဘူး။ ဒါပေမယ့်

ငါ့မှတ်တမ်းထဲမှာ သူကတော့ ဖန်ဆင်းရှင်ကြီးတစ်ပါးအဖြစ် ရှင်သန်နေဆဲပါ။

သူပြောတဲ့ ခံစားချက်တွေ ကျွန်တော် ဘယ်လို ဖြေသိမ့်ပေးရမလဲ။ သူ့ကို

ကျွန်တော် ဘယ်လိုမျိုး အားပေးရမလဲ။ ကျွန်တော်မသိတော့။ ကျွန်တော်သိတာ

တစ်ခုက ခုချိန်က စပြီး အပျော်မထားတော့။ အပျော်တစ်ခုအတွက်

ပေးဆပ်လိုက်ကြတဲ့ သူငယ်ချင်း တစ်ချို့ကိုလည်း ကျွန်တော် တွေ့ဖူးတယ်။

ကိုယ်တကယ်ချစ်ပြီလို့ ၀န်ခံကာ ကျမှ မာနကြီးတစ်ခွဲသားနဲ့

ထွက်ခွာသွားတတ်ကြတဲ့ ချစ်သူစုံတွဲတွေကိုလည်းတွေ့ဖူးတယ်။ ကွဲပြဲတတ်ကြပြီး

ဝမ်းနည်းမှုတွေကို ခါးသီးစွာ သောက်သုံးနေတာတွေကိုလည်း ကြုံတွေ့ဖူးတယ်။

ကျွန်တော်နှင့် သူကတော့ အဲဒီလို အဖြစ်မျိုးကြုံတွေသူတစ်ချို့ကို ဘယ်လို

မျိုးပြောခဲ့ကြလဲ။ ခံနိုင်ရည်ရှိအောင် ကျွန်တော်တို့ ဘယ်လိုပြုပြင်ကြသလဲ။

အချိန်က အကောင်းဆုံးသော သမားတော်ဖြစ်တာကြောင့်

အကောင်းဆုံးသော နည်းလမ်းမှာ စာအုပ်တွေနဲ့ နစ်မွန်းသွားအောင်

လုပ်ပေးကြတယ်။ ခံစားချက်ရှိတဲ့နှလုံးသားကို ပြုပြင်ခြင်းဟာ

စာအုပ်များကိုဖက်တွယ်ခြင်း ဖြစ်တာကိုလည်း တွေ့ခဲ့ကြတယ်။ တစ်ချို့တွေက

အလုပ်မှာ နစ်မြုပ်လိုက်ကြတယ်။ နှလုံးသားကို

အကောင်းဆုံးဆေးကြောခြင်းမျိုးဖြစ်အောင်တော့ ကိုယ့်စိတ်ကို ပြုပြင်ကြ၇တယ်။

တစ်ချို့တစ်လေကျတော့လည်း အဲဒါကိုနာကြည်းလို့ ဆိုပြီး

ဘာမှမဆိုင်တဲ့သူတွေကို ထိခိုက်နစ်နာစေခဲ့ကြပြန်တယ်။ ဘာပဲလုပ်လုပ်

အကောင်းဆုံးဖြစ်အောင် လုပ်ပြီး အပျော်သဘောမျိုးတော့ မလုပ်စေချင်ပါ

ဆိုတဲ့စကားလေး ကျွန်တော့်သူငယ်ချင်းအစား ကျွန်တော် ပြောလိုက်ပါတယ်။

အပျော်ဆိုတာ

တခဏတာ ပျော်ရွှင်စေတယ်။ သူများလည်း မထိခိုက်။ ကိုယ့်အတွက်လည်း

အကောင်းဆုံးသော လမ်းကို ရွေးပြီး အကောင်းဆုံးဖြစ်အောင်တော့ လုပ်ကြမယ်။

ဒါဆို အချစ်နဲ့ အသည်းကွဲတာတွေ၊ နာကြည်းတာတွေ တစ်ချို့ကိုလည်း

ခံနိုင်ရည်ရှိကြမယ်။ အချစ်ကြောင့်ဖြစ်လာတဲ့အနာမျိုးကိုလည်

းအမြန်ဆုံးကျက်နိုင်အောင် အပျော်တော့ မထားကြပါနဲ့လို့

ကျွန်တော်ညည်းညူမိတယ်။ ကိုယ်နာတာမှ အကြီးဆုံးသော အနာမျိုးလို့

ထင်နေကြသူတွေလည်း ကိုယ့်ထက် နာတဲ့အနာတွေ သူများတွေ ကြုံနေ၇တယ်လို့

စဉ်းစားမိကြစေချင်တယ်။

အမှတ်တမဲ့နဲ့ကျွန်တော်တို့သူငယ်ချင်းနှစ်ဦးလည်း အချစ်ရဲ့ သမာန်တော် ဖြစ်ခဲ့ပါတယ်။

                                                    ကျော်လှိုင်မင်း

1 comment:

  1. အရမ်း​ကောင်းပါတယ်
    အား​ပေး​နေပါတယ်​။
    ဆက်​ကြိုးစားပါ။

    ReplyDelete