Monday, April 30, 2012

လွမ်းခြင်းဖွဲ့ကောင်းကင်ယံ

ကောင်မလေးရေ.....
အချစ်ကြောင့်  ခံစားတတ်ကြတယ်
အလွမ်းတွေကြောင့်  ရူးနေတတ်တယ်....
ငါတော့ ရင်ခုန်နေရပေမဲ့ 
အလွမ်းကိုပဲ  တောင့်တရတယ်...
မင်း  ဘယ်လောက်များများ  နှိပ်စက်ပြီပြီးလဲ
မင်းကြောင့် ငါ ရူးနေရပြီ.....
တကယ်ပါ....
အဲဒီလောက်ကို  ရက်စက်တတ်သလား
မင်း  နောက်ထပ်နှိပ်စက်ချင်သေးရင်
ငါ့်အသက်ပါပေးခဲ့ပါရစေ
ကောင်မလေးရေ ...
မင်းငါ့ကို ချစ်တယ်ဆိုပြီး
ရှောင်နေတတ်တယ်..
တစ်ခါတစ်ရံ အချစ်ဆိုတာကို
ငါ မုန်းမိတယ်..
ပေးဆပ်ခြင်းနဲ့
ငါ အသက်ရှင်ချင်တော့တယ်...
အနောက် ကောင်းကင်ယံမှာ
ချစ်သူကို မျှော်လင့်ဖို့...
ငါ ခွန်အားတွေကို စုဆောင်းနေပြီ....
                                                        ဥာဏ်ထွန်း(ကလေး)

No comments:

Post a Comment