Saturday, May 25, 2013

မေ့အနားသို့ ....



အလွမ်းလေးတွေ စေစားလို့
ရောက်ခဲ့ပါတယ်...အချစ်အိပ်မက်ဆီသို့

တမ်းတခြင်းတွေ မက်မောမိလို့
သွားခဲ့မိတယ်... အချစ်ကလေးရှိရာမြေ...

ထိန်းကွပ်မရတဲ့ လွမ်းဆွတ်ခြင်းကို
ငါလေ မက်မောမိလို့
မင်းကိုချစ်ခဲ့မိတယ်...

အိပ်မက်ကလေးတစ်ခုဖြစ်ရင်
ငါ မနိုးထပါရစေနဲ့....

အလွမ်းတေးတစ်ပုဒ်ဖြစ်မယ်ဆိုရင်
ငါ မလွမ်းပါရစေနဲ့...

အချစ်ကံကြမ္မာ ခေလွန်းသူမို့
ဒီတစ်ခါတော့....
အသေအလဲ ချစ်ပါရစေ...

ခွင့်ပြုပေမယ့် မေရေ...
ငါ့အနားလာနေပါတော့ကွယ်....

                              ဥာဏ်ထွန်း(ကလေး)

No comments:

Post a Comment