Saturday, May 25, 2013

ငါ လေလွင့်ပါရစေ. ...




 

ငါ မျှော်လင့်ချက်တွေ မဲ့သလို ... အိပ်မက်ထဲက ဖြစ်စဉ်တွေကို နာကျည်းခဲ့မိတယ်။ အလွမ်းတွေကြောင့်ဖြစ်တဲ့ ဒဏ်ရာ... အိပ်မက်တွေကြောင့် လန့်နိုးခဲ့တဲ့ ... ဒဏ်ရာတွေ... ငါမလိုချင်တော့ဘူးလို့ ... ပြောလို့ မရခဲ့...။ သတိရခြင်းဆိုတာ ... အိပ်မက်တစ်ခုပေပဲလား..။ တမ်းတခြင်းဆိုတာ ဘာတွေလဲ...။ ဆုံးဖြတ်ချက်တိုင်းမှာ ပညတ်ချက်တွေကြားမှာ ... လဲပြိုခဲ့ရတာလား...။ ငါ တစ်ယောက်တည်း  အားငယ်ဖို့ အချိန်မရှိတော့ဘူး ....။ ငါ့နှလုံးသားတွေ သွေးခဲနေခဲ့တယ်လား ...။ အိပ်မက်တွေလား ...။ တကယ့်အဖြစ်အပျက်တွေလား ...။  ငါ အလွမ်းတွေကို ... နှလုံးသားနဲ့ ဖြည့်ဆည်းခဲ့ရတဲ့ ပညတ်ချက်တွေကြားမှာ ငါ့နှလုံးသားတွေ ကြေကွဲခဲ့ရတယ်။ ငါ ကျေနပ်ပါတယ်... မတူညီတဲ့ အခြေအနေကြားမှာ ငါ အရှုံးပေးလိုက်ပါတယ် ။ တစ်ချိန်တုန်းက ပျော်ခဲ့ဖူးတဲ့ နေ့ရက်တွေကြားမှာ ငါ လွင့်မျောနေပါရစေ...။ နောက်ထပ်လည်း မတွေ့ချင်တော့ဘူး ...။ ဒါပေမယ့် ငါ သူ့ကိုလွမ်းတယ်။ ငါ သူ့ကို သတိရတယ်...။သူပြောခဲ့တဲ့ စကားတွေကို သိနေရတယ်..။ ငါ့နှလုံးသားတွေ ကွဲကြေအောင် မလုပ်ချင်ပေမယ့် ပညတ်ချက်တွေကြားမှာ နစ်မြုပ်ခဲ့ရပြီပေါ့...။ အစဉ်အလာတစ်ခုက ကောင်းသလား ဆိုးသလား...။ ငါတို့တွေ မတွေးကြတော့ဘူးလား ...။ အဲဒီအစဉ်အလာအတိုင်း ငါတို့တွေ လက်ခံနေကြရမှာလား ...။ မထိန်းချုပ်နိုင်တဲ့ ငါ့နှလုံးသားကို ... ငါ ဘယ်လို ကိုင်တွယ်ရမလဲ...။ လွင့်ပြယ်ပစ်လိုက်ချင်တယ်...။ ငါ့ ချစ်ခြင်းတွေ...။ ငါ ကတိတွေကို ငါဆက်ပြီး တည်ထောင်ထားချင်သေးတယ်....။ မင်းမုန်းသွားပါစေ...။ မင်း နာကျည်းသွားပါစေ...။  တိမ်ညိုတွေလွင့်တော့ တိမ်ဖြူလေးတွေ ဆင်းလာတတ်တယ်.။ ငါ့ ကြေကွဲခြင်းတွေကလည်း ဒါဟာ နောက်ဆုံးပဲပေါ့...။ နောက်ထပ်မရှိတော့တဲ့ ချစ်ခြင်းတွေနဲ့ နင့်ကို ချစ်နေတယ်...။ နင့်ကို ချစ်နေမယ်...။ အချစ်ဆိုတဲ့ အရူးစေ့လေးတစ်စေ့ စားမိတဲ့အချိန်ကစလို့ ... နင့်ကို ချစ်နေခဲ့တာပါ...။ အချိန်တွေ ရွေ့လျားနေပါစေ...။ ရာသီ နှစ်တွေ ပြောင်းလဲနေပါစေ ... ငါနင့်ကို ဆက်ချစ်နေဦးမယ်...။ အလွမ်းတွေကို အအေးဒဏ်ကြားမှာ တန့်တန့်ခံလိုက်ဦးမယ်...။ မင်းနှုတ်ခမ်းက ပြောရက်လိုက်တဲ့ စကားလုံးတွေ အကြောင်း စဉ်းစားနေလိုက်ဦးမယ်...။ အချိန်အတိုင်းအတာ တစ်ခုအထိ ငါ့ကို လက်တွဲပေးခဲ့တဲ့အတွက် ... ကျေးဇူးတင်ပါတယ်...။ ဖရိုဖရဲဖြစ်သွားတဲံ့ င့ါနှလုံးသားကို နင့်ဆီမှာပဲ ဆက်လက်မြှုပ်နှံထားပါရစေ....။ အသီးတွေ မပွင့်ပေမယ့် ငါ့ချစ်ခြင်းတွေကို နင်နားလည် အသိအမှတ်ပြုမယ့်နေ့ကို ငါ စောင့်နေပါတယ်။ ချစ်တယ် .... ချစ်တယ်... .ချစ်တယ်... လို့ ပြောမနေတော့ပါဘူး.....။  ငါပြောလဲ အလကားဖြစ်နေတဲ့ဘ၀မို့ ...။ ငါ .........လေလွင့်နေပါရစေ...။

ကျော်လှိုင်မင်း


No comments:

Post a Comment