မိုးတွေရွာတော့ ကို မင်းကိုလွမ်းမိတယ်ကွာ။ အဲလို မိုးတွေရွာတုန်းကပဲ မင်းကို ချစ်တယ်လို့ ပြောမိတယ်လေ။
မိုးတွေနဲ့အတူ ငါ့နှလုံးသားလေး မင်းဆီကို စီးမြောသွားတာ ....တိတ်တဆိတ်နဲ့ မင်းကို ငါလွမ်းနေခဲ့မိတာ ကြာပါပြီ ....
မင်းကိုယ်တိုင်လည်း ငါ့ကိုချစ်မယ်လို့ ငါ ထင်ခဲ့ တာ....
မင်း ငါ့ကို လပြည့်ညတွေမှာ ကစားရင်း ပြောပြခဲ့ တဲ့  ပုံပြင်လေးတစ်ပုဒ်ကတော့ ရာဇ၀င်ထဲမှာ ထားကြည့်လိုက်တာ ....
အခုတော့  အဲဒီ ဇါတ်လမ်းထဲ က မင်းသားအဖြစ် သရုပ်ဆောင်ရမယ်ထင်ခဲ့ တာ ...
လူကြမ်းကြိးအဖြစ် သရုပ်ဆောင်ခဲ့ရပြီလေ ...မင်းကတော့ မင်းသမီး ဇါတ်ရုပ်ကို ပီပီပြင်ပြင်က နိုင်ခဲ့တယ်ကွာ...
အချိန်တွေက ကို့ ကို နာကျင်စေခဲ့တာကို ငါ ခုမှ သိတော့တယ်ကွာ
မင်း မလွန်ပါဘူး.....ငါကသာ ရူးခဲ့တယ်ဆိုတာ...လွန်သွားမှပဲ သိခဲ့ရတာပါကွာ....
အိပ်မက်တို့က ငါ့ကို ခြောက်လှန့်နေတယ်မိန်းကလေးရေ...
မင်းကို ကျူရှင်ပြန်တိုင်း ကြည့်နေမိတာ တစ်ရက်လောက်သာ မတွေ့လိုက်ရရင် ကို့ ရင်မှာ
ပူလောင်စူးရှမှုကို ခံစားရတယ်...
မင်းကို ငါချစ်တယ်ဆိုတာ မင်း သူငယ်ချင်းလေးလည်း သိနေပါတယ်ကွယ်...
အဲဒီ မင်းသူငယ်ချင်းကိုတောင် ငါ ဘယ်လို ပြောပြမိမှန်းတောင် ငါ မသိတော့ဘူး...
ချစ်မိတယ်ဆိုမှပဲ မင်းက ငါ့ကို ရှောင်မှန်း မသိ ..ရှောင်သွားတာ ငါ့ရင်ကို ပိုပြီး နာကျင်စေခဲ့တယ်...
ညတွေမှာဆို မင်း အိမ်ရှေ့မှာ ငါ မတီးတတ် တီးတတ် တီးနေတဲ့ ဂစ်တာသံကို မင်းကြားရင် ငါတို့ ၀ိုင်းဆီကို
မသိသလို သိသလို နဲ့ မင်း ပစ်လွတ်လိုက်တဲ့ ကျောက်ခဲလေးတွေတောင် ငါ့ကို အားနာနေလောက်ပြီကွယ်....
မင်း မလိုချင်တဲ့ ငါ့ဆီက အချစ်ကို ငါ မြတ်နိုးစွာ ပေးချင်နေမိတယ်လေ....
ချစ်သူဆိုတာ ငါ အသက်22ပြည့်လာတာတောင် တစ်ယောက်တောင် မထားခဲ့မိဘူးလေ ...
ငယ်စဉ်က သံယောဇဉ်တွေနဲ့  မင်းကိုသာ ငါ အမြဲတမ်းမျှော်လင်ခဲ့တာပါ...
မင်းကတော့ ငါ့ကိုမသိချင်ယောင်ဆောင်ပြိး ခင်နေခဲ့တာကို ငါက ပျော်ရွှင်နေခဲ့မိတာ....
အချစ်ကို ငါ ခံစားမိလိုက်တာက မင်းလေး သူများနောက်က လိုက်တဲ့ အချိန်တွေမှာ ငါ့ မင်းကို ချစ်နေတယ်ဆိုတာ
ငါ သိခဲ့ ရတာပါ.. မင်းကတော့ ဘယ်သိမလဲ ...
မင်းက ငါ့ကို အကိုတစ်ယောက်လိုပဲ သတ်မှတ်ခဲ့တာလေ...
ငါကတော့ မင်း မထင်မိတဲ့ အချိန်တွေမှာ ငါ နှလုံးသားတွေကို အေ၇ာင်ခြယ်ခဲ့မိတယ်....
မင်းဆိက ငါ ဘာမှ မတောင်းချင်ပေမဲ့ ငါ မင်း၇ဲ့ တစ်ရက်တာ ချစ်သူဖြစ်ဖြစ်တောင်းတမိခဲ့တယ်.
မဖြစ်နိုင်မှန်း မင်းပြောခဲ့ ပေမဲ့ ငါက မျှော်လင့်နေမိတာပါကွာ ....
မင်းကို ငါ အမြဲတမ်းပဲ ပျော်ရွှင်နေတာကိုပဲ မြင်ချင်မိတယ်
မင်းအိမ်မှာ ပြဿနာဖြစ်တိုင်း ငါကပဲ လိုက်ပြီး ချော့ခဲ့ ရတာကို ငါ ကျေနပ်နေမိတယ်..
ရင်ခုန်သံဟာ အနေနီးတာနဲ့ မဆိုင်ပေမဲ့ ငါကတော့  မင်းကို သံယောဇဉ်တွေနဲ့ ချစ်ခဲ့တောလေ
သြော် .... ငါချစ်မိတဲ့ကောင်မလေးတစ်ယောက်ဟာ ငါ့ ပါတ်ဝန်းကျင်က ဖြစ်မယ်မှန်းလည်း မထင်ခဲ့သလို
ငါ ကိုယ်တိုင်လည်း အလုပ်လုပ်ပြိး မိသားစု စားဝတ်နေရေးတာ အဓိက ထင်ထားပြီး
အားလုံးရှေ့မှာ ဦးဆောင်သူကြိးပေါ့...(အိမ်မိသာ
ပါတ်ဝန်းကျင်မှာ နာရေးတွေ မှာ ကူညီရင်း ဘ၀ကိုဖြတ်သန်းခဲ့တယ်...
အဲလို ဖြတ်သန်းနေရင်း အလုပ်လုပ်နေချိန်မှာ မင်းကို ကောင်လေး တစ်ယောက်နဲ့တွေ့လိုက်တော့
ငါ့ရင်တွေ ဘယ်လိုဖြစ်သွားလဲ ငါ မသိဘူး...လုပ်ငန်းခွင်ထဲမှာ ငါ တစ်ယောက်နဲ့မှ အဆင်မပြေဖြစ်တာ မရှိခဲ့ပေမဲ့
အဲဒီနေ့ကတော့ ကျော်ကျော်ဆိုတဲ့ကောင်လေးကို ဘာမှ မဟုတ်ဘဲ အော်ငေါက်ခဲ့မိတယ်...
အဲလိုဖြစ်လို့ဆိုပြိး ငါ့အိမ်က ငါ့ကို ဘာတွေဖြစ်နေတာလဲလို့
မေးလည်းမေး နောက်ခါ အဲလို ဖြစ်ရင် မင်းကို ထိုးမယ်လို့တောင် အဖေက ငါ့ကို ဆူလိုက်သေးတယ်..
လောကကြိးမှာ ဘာတွေဖြစ်နေလို့ ဘာတွေလုပ်မိမှန်း မသိတော့ ဘူး
ငါ ..မင်းကို ဆုံးရှုံးရမှာကို ကြောက်နေမိတယ်.....
မင်းကို ချစ်နေတာလားဆိုတာ ငါ စဉ်းစားရင်း ကုန်ဆုံးသွားတဲ့ ည တွေက မနည်းတော့ဘူး...
မင်းကို ကို မြတ်မြတ်နိုးနိုးချစ်မိခဲ့တယ်လေ ...
မင်းအပေါ်ကို မျှော်လင့်ခဲ့မိတာက
မင်းကို ပျော်ရွှင်နေစေချင်တာပါကွာ...
အချစ်ကို သူများတွေလို တွဲသွားတွဲလာ အတွက်ပဲ မျှော်လင့်ခဲ့တာ မဟုတ်ပါဘူး..
တစ်သက်သာလုံးအတွက် မျှော်လင့်ခဲ့တာပါ...
အိပ်မက်တွေထဲကသာ ရုန်းထွက်ချင်မိတယ်..
မင်းကို ကိုယ်ချစ်နေတာဟာ အိပ်မက်တစ်ခုလိုပဲလေ
ကံကြမ္မာကိုပဲ အပြစ်တင်ရမလားတော့ ငါ မသိတော့ဘူး......
နောက်ဆုံးတော့ မင်းက ငါကို အိပ်မက်တွေပေးပြီး ထွက်ခွာသွားတော့တာပဲ ...
ငါဆုံးရှုံးလိုက်တာက ငါ့နှလုံးသားနဲ့ မင်းကိုပဲလေ....
မင်းကတော့ ဆုံးရှုံးလိုက်တာ မရှိခဲ့ဘူးလေ
မင်းက ငါ့ထက်သာတဲ့ လူနဲ့ယူသွားတယ်ဆိုတာ ငါ နယ်ကို ထွက်သွားပြီး သိပ်မကြာခင်မှာ
မင်းသူငယ်ချင်း ဖုန်းဆက်ပြီးပြောလို့ ငါ သိခဲ့ရတယ်
မင်းရင်ထဲမှာ ငါ ဟာ တစ်ထောင့်တစ်နေရာစာတောင် မရခဲ့ဘူးနော်
မင်းကတော့ ငါ့ရင်ထဲမှာ အမြဲတမ်းပဲ ရှိနေခဲ့တယ်ဆိုတာ မင်း သိနေမယ်ဆိုတာ
ငါ သိနေတယ်....
အမြတ်မရှိတဲ့ အချစ်ပွဲမှာ ငါ ကျရှုံးခဲ့တယ်...
မင်းကတော့ နိုင်တယ်လေ....
ချစ်သူကို ချစ်ခဲ့မိတော့ ငါ ဘယ်တော့ မှ မမေ့တော့ပါဘူးကွယ်
မင်းပြောပြတဲ့အချစ်ပုံပြင်တစ်
အညိုးကြီးစွာနဲ့ ရွာနေတဲ့မိုးက ဆက်လက်ပြီး သည်းသည်းမဲမဲကို ရွာနေတယ်
ပေလမ်းမထက်မှာတော့ ငါ အလုပ်သွားဖို့ ကားစောင့်နေစဉ်မှာပဲ
ပွမ် ...ပွမ်.... တက္ကသိုလ် ...ကိုးမိုင်နော်....
အဲဒီအချိန်မှာ ငါလည်း အမြဲတမ်း လုပ်နေကျ အလုပ်ကို လုပ်ဖို့ တက်နေဆဲမှာ
ငါ တစ်ချိန်က မျှော်လင့်မိတဲ့ ကောင်မလေးတစ်ယောက် ၊ ကလေးလေးတစ်ယောက်ကိုချီပြီနေတာ
ငါတွေ့လိုက်တယ်...
ကျော်လှိုင်မင်း
No comments:
Post a Comment